Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် အသိပေးနှိုးဆော်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ယမန်နေ့နံနက် (၁၀) နာရီက ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတည်ငြိမ် ဖွံ့ဖြိုး အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အသိပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးစိုက်ကွင်းပေါင်း(၂၃)ကွင်း ရေကြီးနစ်မြုပ်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်တွင် မိုးများအဆက်မပြတ် ရွာသွန်းရာ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းမှစ၍ လီဒိုလမ်းမကြီးပေါ် အချို့နေရာများ လမ်းရေကျော်မှုများ၊ လမ်းမြေသား ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲဆုရစာရင်းများ ကြေညာ
Sep 29,2020
ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲတွင် မြို့နယ်အလိုက် ဆုရရှိသည့်စာရင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မီးသတ်တပ်ဖွဲ့စခန်းတည်ဆောက်
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာရုံး(၂၁)ရုံးဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၃၆၃)စုဖြင့် စုစုပေါင်းလူဦးရေ (၁၅၃၂) ဦး ရှိပါသည်။ အဆိုပါ လူဦးရေ၏ အိမ်ထောင်စုများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာနမှလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲမြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်
Sep 29,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု အရှိန်မပျက်ဆောင်ရွက်နေမှုအား စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရေတိုက်စားခံရသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေး
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ခြင်းနှင့် ရေတိုက်စားမှုများဖြစ်ပွားလျက်ရှိရာ လမ်းကြောင်းများ ယာယီပြတ်တောက် လျှက်ရှိပြီး အဆိုပါ နေရာများတွင် အများပြည်သူများသွားလာရာ၌ ဘေးအန္တရာယ်မဖြစ်ပွားစေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ယ၎င်းန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ရာ(၂၅)လုံးတည်ဆောက် ပေးနိုင်ခဲ့
Sep 29,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၅)ရွာတွင် ကျေးရွာတန်ဖိုးနည်း ဝန်ထမ်းအိမ်ယာ(၂၅)လုံးအား တည်ဆောက်နိုင်ခဲ့ကြောင်း နယ်စပ်ဒေသ နှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ရန်အတွက် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်ဖြစ် ကြောင်း ချီဖွေမြို့မရဲစခန်းမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
164
Page
165
Page
166
Page
167
Current page
168
Page
169
Page
170
Page
171
Page
172
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department