Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါး ၌ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ ဘိုးဘွား ၂၃၀ ဦးအား ထောက်ပံ့ငွေများပေးအပ်
Oct 01,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာ
Oct 01,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့က စတင်၍ ထုတ်ပြန်ကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားတင်ဒါလုပ်ငန်းလျှောက်လွှာများခေါ်ယူ
Oct 01,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ လုပ်ငန်းများကို ခိုင်ကမ်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ ခိုင်ကမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ် (၁၀)သန်းမှ သန်း(၁၀၀)လုပ်ငန်း (၃) မျိုးကို လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲရုံဆိုင်ရာဆင့်ပွားသင်တန်းသို့ တက်ရောက်ရန် ဖားကန့်သို့လာမည့် ဆရာ/ဆရာမ အားလုံး Facility Quarantine (၁၄)ရက် နေရမည်
Oct 01,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် ဖွင့်လှစ်မည့် မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို တက်ရောက်ရန် ဖားကန့်မြို့နယ်ပြင်ပမှ လာရောက်ကြမည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်း၌ သင်တန်းမတက်ရောက်မီ Facility Quarantine (၁၄)ရက် နေကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Oct 01,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိ
Oct 01,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လိုင်စင်လုပ်ငန်းအား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ်ဆောင်ရွက်သွားမည်
Oct 01,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လေးမျိုးကို ချိတ်ပင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အဆိုပါ လုပ်ငန်းလိုင်စင် လေးမျိုးအနက် တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၆၇)ဦးအား ခန့်အပ်၍ သင်တန်း ပို့ချမည်
Sep 30,2020
ချင်းပြည်နယ်၊မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေး နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၆၇)ဦးကို ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်စေနိုင်ရန် အထက (၁) မတူပီကျောင်းတွင် အောက်တိုဘာလ ၁ရက်နေ့ မှ ၂၈ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
160
Page
161
Page
162
Page
163
Current page
164
Page
165
Page
166
Page
167
Page
168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department