မိုးတိမ်များမှသည် သွေးကြောများထဲအထိ ရောက်ရှိနေပြီဖြစ်သည့် ပလတ်စတစ်အမှုန်များ
ပလတ်စတစ်ကို လူတို့စတင်ထုတ်လုပ်သုံးစွဲခဲ့ကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ လွယ်လွယ်ကူကူ၊ ပေါပေါ များများ ထုတ်လုပ်နိုင်သည်နှင့်အမျှ ပလတ်စတစ်ကို အနည်းနည်း၊ အဖုံဖုံသုံးစွဲခဲ့ကြရာ မိမိတို့၏ နေ့စဉ်ဘဝများအထိ ပလတ်စတစ်နှင့် မကင်းနိုင်ဖြစ်ခဲ့ကြရသည်။ ပေါပေါများများ၊ လွယ်လွယ်ကူကူသုံးစွဲခဲ့သမျှကို စည်းမဲ့ကမ်းမဲ့၊ ပရမ်းပတာ စွန့်ပစ်ခဲ့ကြခြင်းကြောင့်လည်း ပလတ်စတစ်ပြဿနာသည် ကမ္ဘာနှင့်ချီသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာဖြစ်လာသည်။ လူနှင့်တကွ သက်ရှိသတ္တဝါတို့ကို ပြန်လည်ခြိမ်းခြောက်နေသည့် အခြေအနေသို့ ရောက်မှန်းမသိ ရောက်လာနေလျက်ရှိသည်။