စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရေး တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံ
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရုတ်တရက်ရေကြီးရေလျှံ ဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ကျင်းပရာ စုစုပေါင်းအလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်လည်း အလှူငွေစုစုပေါင်း ကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိ ခဲ့ရာ စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဓါ ထက်သန်မှုမှာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ သာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။
