နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်ရမည့် မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေး
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက်တွင် အစိုးရ အဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။