မပြတ်ပြုစု၊ မြဲအောင်ထိန်းသိမ်း

 

သစ်ပင်သစ်တောများ တည်ရှိခြင်းသည် ရာသီဥတုကို မျှတ ကောင်းမွန်စေပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင် ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝ မျိုးစုံမျိုးကွဲများ  တိုးပွားစေနိုင်ခြင်းနှင့်  ရေမြေသဘာဝအနေ အထားတို့ကို ထိန်းသိမ်းကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူး များ ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အများဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိရာ သစ်တော များ    ပြန်လည်တည်ထောင်ရေးအတွက်   စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်  သစ်တောများဖုံးလွှမ်းမှု  တစ်စတစ်စ လျော့နည်းလာခြင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ ပြည့်နှစ်တွင် ၄၆ ဒသမ ၉၆ ရာခိုင် နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရ သည်။ သစ်တောများ ပြုန်းတီးခြင်းသည် ရာသီဥတုပြင်းထန် ဆိုးရွားခြင်းနှင့်အတူ မြေဆီလွှာပျက်စီးပြုန်းတီးခြင်း၊ ရေအရင်း အမြစ်များ ပျက်စီးခန်းခြောက်ခြင်းနှင့် မြစ်၊ ချောင်းများ ညစ်ညမ်း ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ကွယ်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ သစ်တောများ ပျက်စီးပြုန်းတီးခြင်းကြောင့် ဖြစ်‌ပေါ်လာသည့် အကျိုးဆက်များမှာ လူသားတို့၏ ရှင်သန် ရပ်တည်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အပေါ်တွင် ကြီးမား သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေရာ သဘာဝ တောများကို   မပျက်စီးမပြုန်းတီးစေ‌ရေးနှင့်   သစ်တောများ ပြန်လည်တည်ထောင်ရေးတို့ကို   စဉ်ဆက်မပြတ်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။
“ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါ အဝင် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင် သွားမည်ဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများတွင်သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ ပတ်ဝန်းကျင်နေရာအသီးသီးတွင်လည်း ဒေသအလိုက် သင့်လျော်သည့်   အရိပ်ရပင်များ၊  လေကာပင် များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ သစ်ပင် သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင် များ စိုက်ပျိုးထိန်းသိမ်းရန်၊ တောင်ထိပ်များတွင်  သစ်ပင်မခုတ် ရန်နှင့် သစ်ပင်များ ထိန်းသိမ်းရန်၊ ဒီရေတောပင်များ စိုက်ပျိုး တည်ထောင်ရန် စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်း ရေးလုပ်ငန်းများ     အရှိန်အဟုန်ဖြင့်     ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။” ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က  အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။  အမျိုးသားသစ်တောကဏ္ဍ  ရည်မှန်းချက် အရ ၂၀၃၀ ပြည့်နှစ်တွင်  နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းရေးနှင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ များအဖြစ်  ဖွဲ့စည်းနိုင်ရေးအတွက်   နိုင်ငံတော်က  ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ   ရည်မှန်းချက်အောင်မြင်ရေးအတွက် အများပြည်သူတို့ ပူးပေါင်းပါဝင်ကူညီကြရန်လိုသည်။
သစ်ပင်သစ်တောများက ဥတုရာသီကို ကောင်းမွန်မျှတစေ ရန် အကျိုးပြုသကဲ့သို့ စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်း ကျင်သည်လည်း လူသားတို့အား စိတ်နှလုံးချမ်းမြေ့ကြည်နူးမှုကို ဖြစ်ပေါ်စေသည်။ သိန်းနှင့်သန်းနှင့်ချီ၍ နှစ်စဉ်စိုက်ပျိုးခဲ့သော သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေး စဉ်ဆက်မပြတ်ပြုစုပေးကြရန် နှင့် ရှင်သန်ဖြစ်ထွန်းနေပြီဖြစ်သည့် သစ်ပင်များ မပျက်မစီးစေရေး အတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် နှိုးဆော်တိုက်တွန်း လိုက်ရပါကြောင်း။         ။