မြန်မာ့အမွေအနှစ်၊ ကမ္ဘာ့အမွေအနှစ်
ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတစ်ခုလုံးကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဘုရားပုထိုး ဂူကျောင်း ၃၈၀၀ ကျော် တည်ရှိနေဆဲဖြစ်သည့် ပုဂံဒေသတစ်ခု လုံးသည် ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ ခြင်းဖြစ်သည်။