မသန်စွမ်းသူများ၏ စွမ်းရည်မြှင့်တင် နိုင်ငံတည်ဆောက်ရေးတွင်ပူးပေါင်းပါဝင်
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း ( ၇ ဒသမ ၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းမှုအနည်းဆုံးတစ်မျိုးမျိုးရှိသည်ဟု သိရသည်။ မသန်စွမ်းမှုအမျိုးအစားအနေဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားသည့် မသန်စွမ်းမှုအမျိုးအစားများမှာ အမြင်အာရုံ ခက်ခဲသူ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက် ခက်ခဲသူ ၃ ဒသမ