မြန်မာ့အလင်းအယ်ဒီတာအာဘော်
လူဦးရေနှင့် နိုင်ငံ့အင်အား
ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၀၀၀ ကျော်သွားပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကြောင်း သတင်းတို့မှာ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် အထူးခြားဆုံးသတင်းများ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁ ဒသမ ၄၂၈၆ ဘီလီယံသို့ ရောက်ရှိလာပြီး တရုတ် နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၄၂၅၇ ဘီလီယံကို ဖြတ်ကျော်သွားခဲ့ ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ကမ္ဘာပေါ် ၌ လူခြောက်ဦးလျှင် တစ်ဦးကျော်သည် အိန္ဒိယသားဟု ဆိုရမည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သည်။
မဖြစ်မနေဆောင်ရွက်သွားရမည့် တရားမဝင်ကုန်သွယ်မှုပပျောက်ရေး
နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် များစွာအဟန့် အတား၊ အနှောင့်အယှက်ဖြစ်စေသည့် တရားမဝင် ကုန်သွယ်မှု များ ပပျောက်ရေးဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေးဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ က တားဆီးစစ်ဆေး ဖမ်းဆီးအရေးယူမှုများပြုလုပ်ပြီး အတိုင်း အတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ခဲ့သည့်တိုင် ဆက်လက် လိုအပ်နေခြင်းဖြစ်သည်။
မိတ်ကောင်းဆွေကောင်း သံတမန်ကောင်း
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ် ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်း လိုက်ရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအနက် ပထမဆုံး ပင်ဖြစ်သည်။
မြေသယံဇာတကို စွမ်းအားရှိသမျှ အသုံးချ
မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ယခုနှစ် ပထမငါးလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၄၇ သန်း တင်ပို့ခဲ့ရာ ဆန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉၆ သန်း ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထား သည်။ အဆိုပါသတင်း၌ပင် ထိုင်းသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ရှစ်သန်းအထိ ပြည်ပသို့ တင်ပို့နိုင်ရန် မျှော်မှန်း ထားကြောင်းလည်း ဖော်ပြထားသည်။
ထက်သန်လှစွာသော သဒ္ဓါတရား
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်နှင့် သာသနိကအဆောက် အအုံများ တည်ဆောက်မှုတို့မှာ ပြီးစီးလုနီး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အခက်အခဲများစွာတို့ကို ရင်ဆိုင် ကျော်လွှား၍ ပမာဏအားဖြင့် ကြီးမားလှစွာသော လုပ်ငန်း များစွာတို့ကို ထက်သန်လှစွာသော သဒ္ဓါတရားဦးဆောင်လျက် လုံ့လဝီရိယ၊ ဉာဏ်ပညာခွန်အားတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။
ငါးပုစွန် သယံဇာတများ ရေရှည်တည်တံ့စေရေး
ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့ တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့ အတွက် ငါးသား ပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်း မပြုရန် သက်ဆိုင်ရာက နှိုးဆော်လျက်ရှိသည်။ မိုးဦးကျ ဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်း အိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီးအမ ငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလ အတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင် သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်မည်ဖြစ်သည်။
အိမ်နောက်ဖေးနှင့် အိမ်ဘေးမကျန် ဈေးဆိုင်တည်
“အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ပါ” ဟူသော မြန်မာဆိုရိုး စကား တစ်ခုရှိသည်။ မြေပိုကွက်လပ်များရှိနေတတ်သည့် အိမ်နောက်ဘက်တွင် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုး ကြရန် ဆော်ဩထားခြင်းဖြစ်သည်။ ရာသီအလိုက် ဘူး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ငရုတ်စသည်ဖြင့် စိုက်ပျိုးကြသည့်ဓလေ့များ ယခင်က ရှိခဲ့ကြသော်လည်း လူဦးရေတိုးပွား၍ မြေပိုများ ရှားလာ၊ ဟင်းသီးဟင်းရွက်ကို တန်ဖိုးနည်းနည်းနှင့် အလွယ်တကူဝယ်ယူစားနိုင်လာကြသည့် အခါ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားခဲ့ကြသည့် ဓလေ့များ ပျောက်ကွယ်လာသည်။