ပုံမှန်အခြေအနေရောက်ရှိရေး ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ် ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ် သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံး ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်လည်း ဖြစ်သည်။