မြန်မာ့အလင်းအယ်ဒီတာအာဘော်

လူတိုင်းအတွက် အစားအစာဘေးကင်းလုံခြုံရေး




လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတွင် နေ့စဉ်မဖြစ် မနေ စားသောက်နေကြရသည့် အစားအစာများ ဘေးကင်းလုံခြုံ ရေးကလည်း အရေးကြီးသည်။ ဘေးကင်းလုံခြုံသည့် အစား အစာဆိုသည်မှာ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များ ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အစားအစာများပင်ဖြစ်သည်။ အစား အစာများ ဘေးကင်းလုံခြုံရေးကို နိုင်ငံတိုင်းက အလေးထားကြပြီး မိမိတို့နိုင်ငံသို့ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော အစားအစာ များ ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်ချက်များ၊ စံချိန်စံညွှန်း များ ပြဋ္ဌာန်းထားပြီး စဉ်ဆက်မပြတ် စစ်ဆေးမှုများ ပြုလုပ် ကြသည်။

စီးပွားဖြစ်ဝါးစိုက်ခင်းများ တည်ထောင်

 

မြန်မာနိုင်ငံသည် သဘာဝအလျောက်  ပေါက်ရောက်သည့် ဝါးတောများ ကျယ်ပြန့်များပြားစွာ ပိုင်ဆိုင်သည့်  နိုင်ငံဖြစ် သည်။ ကမ္ဘာနှင့်ချီ၍ ပြောရလျှင် တရုတ်၊ အိန္ဒိယတို့ပြီးလျှင် တတိယမြောက် အများဆုံးသော သဘာဝဝါးတောများကို ပိုင်ဆိုင်ထားသည်။ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်ဒေသနေ   ပြည်သူလူထု၏   လူနေမှုဘဝတွင် ဝါးသည် ကဏ္ဍများစွာ၌   ပါဝင်လျက်ရှိနေပြီး   မျှစ်နှင့်   ဝါး ထုတ်ယူမှုများကြောင့်  သဘာဝဝါးတောများ  လျင်မြန်စွာ ပြုန်းတီးလျက်ရှိနေသည်။

 

အသက်ကယ်သည့် ကောင်းမှုကုသိုလ်

 

လူတို့ အသက်ရှင်ရေးအတွက် သွေးသည် မရှိမဖြစ် လိုအပ် သည်။ သွေးသည် အသက်ဟု အဆိုရှိသည်နှင့်အညီ ထိခိုက် ဒဏ်ရာရှိခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးမွေးဖွားခြင်း၊ နာတာ ရှည်ရောဂါတစ်ခုခုကြောင့်  သွေးပုံမှန်သွင်းရန်  လိုအပ်ခြင်း အစရှိသည့် အရေးပေါ်သွေးလိုအပ်နေသူများအတွက် လုံခြုံ စိတ်ချရသည့်သွေး  ရရှိရန် လွန်စွာအရေးကြီးသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ ၁၄    ရက်နေ့ကို   ကမ္ဘာ့သွေးလှူရှင်များနေ့ဟု   သတ်မှတ် ဂုဏ်ပြုကျင်းပလျက်ရှိသည်။

 

စိုက်ပျိုးမွေးမြူရေးဇုန်များ အောင်မြင်အောင်အကောင်အထည်ဖော်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့်  သက်သာသောဈေးနှုန်းများဖြင့်      ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း၌ပင် စိုက်ပျိုးမွေးမြူရေးဇုန် များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင်   လူဦးရေ ၅၅  သန်းကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော်ရှိနေသည်။ ရန်ကုန်သည် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတွင် အကျယ်အဝန်းပမာဏ    အသေးငယ်ဆုံးဖြစ်သော်လည်း လူဦးရေ အများပြားဆုံးနှင့် လူနေအထူထပ်ဆုံးဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအချက်အချာဒေသဖြစ်သည်။

 

ပူးပေါင်းပါဝင်မှ ခရီးတွင်မည်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်     နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းများကို  အားပေးမြှင့်တင်လျက်ရှိသည်။ MSME ခေါ် သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများမှာ  မိမိတို့နိုင်ငံတွင်  အများစုလုပ်ကိုင်နေ ကြပြီး   အဓိကမောင်းနှင်အားလည်းဖြစ်ရာ  MSME  များကို အားပေးဆောင်ရွက်ခြင်းအားဖြင့်    ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်သည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်