အမျိုးသားပညာရည်မြှင့်တင်ရေးအဖြေရှာမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံး ကျင်းပသော ပညာရေးညီလာခံဖြစ်သည့် “မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)” ကို မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခုတို့က စုပေါင်းကျင်းပသွားမည်ဖြစ်ရာ အဆိုပါညီလာခံ တွင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက် လာရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့် တစ်ပြေးညီတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ စာတမ်း များ ဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများဆောင်ရွက် သွားမည်ဖြစ်သည်ဟု သိရသည်။