မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကြီးထွားနေသည့် တရားမဝင်ကုန်သွယ်မှု လုံးဝပပျောက်သည်ထိ တိုက်ဖျက်နိုင်ရေး
တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြီးမားသည့် အဟန့် အတား၊ အနှောင့်အယှက်များ ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတော် က အလေးအနက်ထားကာ ဟန့်တားနှိမ်နင်းမှုများ ပြုလုပ် လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကို ဇူလိုင် ၂၇ ရက်က ကျင်းပရာ “ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှု များစွာတိုးတက်ခဲ့သော်လည်း တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်ဆောင် ရွက်နေကြကြောင်း” ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
စိုက်ပျိုးမြေများ မလျော့နည်းရန် ထိန်းသိမ်း
မြန်မာနိုင်ငံတွင် စိုက်ပျိုး၍ ရနိုင်သော မြေဧရိယာဟက်တာ ၁၂ ဒသမ ၂၅ သန်းရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍကို မှီခိုလုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုး၍ ရနိုင်သောမြေသည် ထပ်မံ၍ မရရှိနိုင်သော သယံဇာတ အရင်းအမြစ်တစ်ခုဖြစ်ရာ ရှိရင်းစွဲစိုက်ပျိုးနိုင်သော မြေအရင်း အမြစ်များကို ယုတ်လျော့မသွားစေရန် ထိန်းသိမ်းရမည်ဖြစ် သည်။
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန်လို
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိနေကြကြောင်း သတင်းများတွင် တွေ့ရှိရသည်။ အထူး သဖြင့် လူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ် များတို့က ပြည်တွင်းဖူလုံရေး၊ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်များ အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း သုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမှာဖြစ်သည်။
သတိပြုရမည့် သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူသန်း ၄၀၀ ခန့်ကို ကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာ စသည်တို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ တစ်နှစ် ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သော်လည်း ယခု ကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသည့်ကာလတွင် အဖြစ်များသည်။ မြန်မာ နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် ယခုနှစ်ပထမနှစ်ဝက်ကာလ အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ယမန်နှစ်ကထက် မြင့်တက်နေကြောင်း သတင်းများတွင် တွေ့ရှိရာ မိမိတို့နိုင်ငံတွင် လည်း အထူးသတိပြုဖွယ်ဖြစ်သည်။
ပြည့်အင်အားဖြင့် ရင်ဆိုင်ကျော်လွှား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများ အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက် လိုက်နာကျင့်သုံးရေး။” ဟူ၍ နိုင်ငံရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ မှာ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် အစဉ်တစိုက် ကျင့်သုံးခဲ့ သော နိုင်ငံခြားရေးမူဝါဒများပင်ဖြစ်သည်။
စည်းကမ်းလိုက်နာမှ ဘေးကင်းကွာမည်
ကမ္ဘာတစ်ခွင် ယာဉ်မတော်တဆမှုများကြောင့် လူသန်းနှင့်ချီ၍
နှစ်စဉ်သေဆုံးပြီး သန်းပေါင်းများစွာ နှစ်စဉ်ဒဏ်ရာရလျက်ရှိသည်။ လူ့ပယောဂကြောင့် အဓိကဖြစ်ပွားနေရသော ယာဉ်မတော်တဆ မှုများ လျော့နည်းပပျောက်သွားစေရန် နည်းလမ်းများစွာဖြင့် အဖြေရှာ ကြိုးပမ်းဆောင်ရွက်နေစေကာမှု လျော့ကျသွားခြင်း မရှိဘဲ နှစ်စဉ်တိုးသည်ထက် တိုးလာနေပြီး ကမ္ဘာလုံးဆိုင်ရာ အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေသည်ဟု ဆိုရာ ယာဉ်များ၊ လမ်းများနှင့် မကင်းသူတိုင်း အလေးအနက် ဂရုပြုရန် လိုအပ်သည်။
ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ ပြည်သူလူထု၏ လိုလား ချက်ဖြစ်သကဲ့သို့ နိုင်ငံတော်က လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်မှ သွေဖည်မသွားဘဲ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်မာရေးအတွက်သာ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။