မြန်မာ့အလင်းအယ်ဒီတာအာဘော်

အောင်မြင်နိုင်မည့် နည်းလမ်းများရှာဖွေ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကုန်ထုတ်လုပ်မှုလုပ်ငန်း များ တိုးတက်လာစေရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက် ရှိသည်။ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သော “တိုင်းပြည် သာယာဝပြောရေး”   နှင့်    “စားရေရိက္ခာဖူလုံရေး” တို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရည်မှန်းချက်နှင့်အညီ အောင်မြင်ရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။

မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးတွင် လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့်လည်းပါဝင်

 

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၂၆၀၀ ကီလိုဂရမ်၊     ကာလတန်ဖိုးငွေကျပ်    ၁၀၄      ဘီလီယံခန့်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင် ခန့် အကွာ၌ မြန်မာ့တပ်မတော် (ရေ) က အောက်တိုဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်း များက မူးယစ်‌ဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြု သယ်ဆောင်မည်ဖြစ်ကြောင်း        ကြိုတင်သတင်းများအရ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ပမာဏများပြားစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အောင်မြင်မှု ဆုတံဆိပ်များနှင့်အတူ

အမျိုးသားရေးစိတ်ဓာတ်နှင့်  ရိုးရာယဉ်ကျေးမှုဟူသည်  ဒင်္ဂါး တစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်း တွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ ကိုလေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင် နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်း ဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကို သာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်း ရှိ လူမျိုးနွယ်အလိုက

သံဃာ့အဖွဲ့အစည်း၏ ပဝါရဏာ

 

သီတင်းကျွတ်လသည် ရဟန်း၊ သာမဏေတို့ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မသွားဘဲ သီတင်းသုံးနေထိုင်ကြရာမှ ကျွတ်လွတ် သွားလာခွင့်ရသော   လဖြစ်သည်။   ‘‘မီးမြင်းမိုရ်နှင့်၊   ဝါဆို ကင်းလွတ်၊   သီတင်းကျွတ်မို့၊   ဘုံထွတ်ကယ်ဥကင်၊  ဖွင့်စံပယ် ရွှင်သောခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊  ဆီမီးဝါ  ထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး”ဟူ၍ မဟာအတုလမင်းကြီးက ဖွဲ့ဆိုခဲ့သည် နှင့်အညီ လူတို့နေထိုင်ရာ ရပ်ရွာတို့တွင်မူ မီးမြင်းမိုရ်ပွဲ သို့မဟုတ်   မီးထွန်းပွဲကျင်းပကာ မြတ်စွာဘုရားကို ပူဇော်သည့်လ ဖြစ်သည်။

တိုက်ခိုက်ဖျက်ဆီးမှုနှင့် အကြမ်းဖက်ဖမ်းဆီးမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

 

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့်  သတင်းများမှာ  ဝမ်းနည်းဖွယ်၊  စိတ် မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ပြည်သူများကို ဓားစာခံ အဖြစ်    ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း   စိုးရိမ်ပူပန်စရာ ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်