စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု အရှိန်မြှင့်တင် စဉ်ဆက်မပြတ်ဆောင်ရွက်
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကို အီရန် နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံစတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက် ရေးနေ့” အဖြစ် ယူနက်စ်ကိုက သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို ကျင်းပ လျက်ရှိကြသည်။