အယ်နီညိုရာသီဥတုအခြေအနေနှင့် စိုက်ရေး ပျိုးရေးအတွက် ရေ
ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား ကြသည်။ အယ်နီညိုသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်တွင် ရေများပုံမှန် မဟုတ်ဘဲ ပူနွေးလာသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ပင်လယ် ရေပြင်ပူနွေးလာခြင်းကြောင့် ငါးများအုပ်စုလိုက် ပြောင်းရွှေ့သွား ကြသည်ကို တွေ့ရှိကြရပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်ကပင် ပီရူးမှ ငါးဖမ်းသမားတံငါသည်များက အယ်နီညိုဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်ဟုဆိုသည်။