ဆင်ခြင်တုံတရားဖြင့် သတိထား အမှန်နှင့်အမှား ဝေဖန်ပိုင်းခြား
နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်သည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသည်။ ၁၇ ရာစုတွင် ပေါ်ပေါက်လာ ခဲ့သော သတင်းစာများမှသည် ရေဒီယို၊ ရုပ်မြင်သံကြား အစရှိ သော အများပြည်သူထံ သတင်းအချက်အလက်ဖြန့်ချိပေးသည့် နည်းလမ်းများသည်လည်း မီဒီယာများပင်ဖြစ်သည့်တိုင် အင်တာနက်ခေတ်သို့ရောက်မှ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (Media and Information Literacy) က ကမ္ဘာနှင့် ချီ၍ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။