နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မျက်မှောက်ကာလ၏ သမိုင်းပေးတာဝန်
ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့် ကိုက်ညီခဲ့သည်။ ၎င်းပညာရေး စနစ်ဖြင့်ပင် မြန်မာများ စာပေတတ်မြောက်ကြပြီး ယဉ်ကျေး သိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက် ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။