ညီညွတ်မျှတစွာစားသုံးတတ်ရေး အသိပညာပေး၊ ပြုပြင်ဆောင်ရွက်
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော မြန်မာတို့၏ ဆိုရိုးစကား အရ အစာအာဟာရကို ညီညွတ်မျှတစွာ စားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံ သည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ ရှေးကပင် သိနားလည် ခဲ့ကြပုံပေါ်သည်။ သို့ရာတွင် စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံ ကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက် တတ်မှုအရာတွင် အားနည်းလှသည်။