စည်းလုံးညီညာတက်ကြွထက်သန်သည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်

 

ယနေ့သည် (၁၀၃) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၃ နှစ်က ဤနေ့ဤရက်တွင် အင်္ဂလိပ် နယ်ချဲ့လက်အောက်ခံ မြန်မာနိုင်ငံ၌ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းခံကာ နယ်ချဲ့ကို ဆန့်ကျင်အုံကြွမှုဖြစ်ပေါ်ခဲ့သည်။ ယူနီဗာ စီတီ အက်ဥပဒေကို ကန့်ကွက်သည့် အဆိုပါဆန့်ကျင်အုံကြွမှု သည်  ၁၉၂၀  ပြည့်နှစ်  ပထမကျောင်းသားသပိတ်ဟု  သမိုင်း မှတ်တမ်းတင် မော်ကွန်းတွင်ရစ်ခဲ့ပြီး အနှစ်သာရအားဖြင့် မြန်မာ တစ်မျိုးသားလုံးကို အမျိုးသားရေးစိတ်ဓာတ်  နိုးထရှင်သန်စေ ခဲ့ခြင်းဖြစ်သည်။


မြန်မာတို့၏ စည်းလုံးညီညွတ်မှုနှင့် ဝံသာနု ရက္ခိတတရား၊ အမျိုးသားရေးစိတ်ဓာတ်ခွန်အားတို့ကို    နယ်ချဲ့တို့    မျက်ဝါး ထင်ထင်   မြင်တွေ့စေခဲ့သည့်    မြန်မာသက္ကရာဇ်  ၁၂၈၂  ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်   ၁၀   ရက်နေ့ကို    ‘‘အမျိုးသား ‌အောင်ပွဲနေ့’’ အဖြစ် သတ်မှတ်ပြီး နောက်နှစ်နှစ်အကြာ ၁၂၈၄ ခုနှစ်တွင် ပထမဆုံးအကြိမ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား များကို မြို့နယ်အများအပြားတို့တွင် နယ်ချဲ့အစိုးရက မလိုလား သည့်ကြားမှ   ကျင်းပခဲ့သည်။   ပထမကျောင်းသားသပိတ်တွင် ထွက်ပေါ်လာခဲ့သော    နယ်ချဲ့ဆန့်ကျင်ရေးနှင့်    အမျိုးသားရေး စိတ်ဓာတ်တို့ကို    ဆက်လက်ရှင်သန်စေကာ   နိုင်ငံနှင့်လူမျိုးတို့ လွတ်လပ်ရေးအတွက်   တစ်ဆင့်တက်   ကြိုးပမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ တစ်မျိုးသားလုံး  စည်းလုံးညီညွတ်မှုမှ      ဖြစ်ပေါ်လာ သည့် အမျိုးသားရေးစိတ်ဓာတ်ခွန်အားသည် လိုရာပြီးမြောက်နိုင် သည့်  တန်ခိုးဩဇာနှင့်   ပြည့်စုံသည့်အလျောက်   မပျောက်မပျက် ဆက်လက်ရှင်သန်စေကာ နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် ကြိုးပမ်းထမ်းရွက်ကြရမည်ဖြစ်သည်။


(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အတွက် “တိုင်းရင်း သားအားလုံး၏     ညီညွတ်သော    စုပေါင်းအားဖြင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင် အထည်ဖော်ရေး၊  ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး၊ စီးပွားရေး မောင်းနှင်အားကို  မဏ္ဍိုင်ပြု၍  MSME  စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် ရေး” တို့ကို ဦးတည်ချက်များအဖြစ် ချမှတ်ထားသည်။ မျက်မှောက် ကာလ မိမိတို့နိုင်ငံ၏  ပကတိအခြေအနေများနှင့်  ကိုက်ညီသော အဆိုပါဦးတည်ချက်များမှာ မိမိတို့ တစ်မျိုးသားလုံး  ထမ်းဆောင် ကြရမည့် အမျိုးသားရေးတာဝန်များပင်ဖြစ်သည်။  


တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏    မျှော်မှန်းချက် ဖြစ်သော   ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို    အခြေခံသည့်   ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်        နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး   ဆောင်ရွက် ရာတွင်  တိုင်းရင်းသားပြည်သူလူထုကြီးက စုပေါင်းညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြရန်    လိုအပ်သည်။    ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံသားများ၏  ပညာ ရည်အဆင့်အတန်း မြင့်မားရေးသည် အရေးကြီးသည့်  အားလျော် စွာ လက်ရှိနိုင်ငံ့လူဦးရေ၏  သုံးပုံ တစ်ပုံခန့်သည် အခြေခံပညာ အလယ်တန်းနှင့် အောက်အဆင့်တွင်သာ ရှိနေခြင်းအပေါ် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အကောင် အထည်ဖော်ရာတွင်လည်း တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။


နိုင်ငံတော်ကို အနာဂတ်တွင် တာဝန်ယူတည်ဆောက်ကြရ မည့်သူများမှာ ယနေ့ လူငယ်များဖြစ်ရာ အရည်အချင်းပြည့်ဝ သည့် လူငယ်မျိုးဆက်သစ်များအဖြစ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊   လူငယ်များ   နိုင်ငံချစ်စိတ်၊   မျိုးချစ်စိတ် မြင့်မားသည့်   နိုင်ငံ့သားကောင်းရတနာ၊   သမီးကောင်းရတနာ များ ဖြစ်လာရေး လေ့ကျင့်ပေးရာတွင် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံဖြစ်သော နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိကမောင်းနှင်အားဖြစ်သည့် အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ‌အောင်မြင်ဖြစ်ထွန်းရေး အားပေးမြှင့်တင်ရာတွင်လည်းကောင်း နိုင်ငံသူ နိုင်ငံသားပြည်သူ တစ်ရပ်လုံးက စည်းလုံးညီညွတ်သော အမျိုးသားရေးစိတ်ဓာတ် အားမာန်ဖြင့် တက်ကြွထက်သန်စွာ ပါဝင်ထမ်းရွက်ကြရပါမည့် အကြောင်း။           ။