မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးတွင် လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့်လည်းပါဝင်
မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကျပ် ၁၀၄ ဘီလီယံခန့်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင် ခန့် အကွာ၌ မြန်မာ့တပ်မတော် (ရေ) က အောက်တိုဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်း များက မူးယစ်ဆေးဝါးများကို ပင်လယ်ရေကြောင်း အသုံးပြု သယ်ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများအရ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ပမာဏများပြားစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။