လူမှောင်ခိုသားကောင်ဘဝ မကျရောက်စေရန် သတိပြု
လူကုန်ကူးမှုသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျွန်ပြုမှုအသွင်ဖြင့် ပေါ်ပေါက်လာသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုပြီးပါက ဒုတိယမြောက် အမြတ်အစွန်းရရှိမှုအကြီးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများက သတ်မှတ်ထားကြသည်။