ကမ္ဘာကြီးရဲ့ အဆိုးအကောင်းဖန်တီးရှင်တွေနဲ့ဝင်ရိုးတန်းအပြောင်းအလဲ
မြင့်မြတ်
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “၀င်ရိုးတန်း” polarity ဆိုတဲ့ အသုံး အနှုန်းကို သုံးစွဲနေတာကြာပါပြီ။ Bipolar, unipolar, multipolar စသဖြင့် ဖြစ်ပါ တယ်။ ခေတ်ကာလအသီးသီးမှာ နိုင်ငံ တကာစနစ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင် တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ စသဖြင့် မူတည်ပြီး ဝင်ရိုးတန်းပုံစံ အမျိုးမျိုးရှိခဲ့ကြပါတယ်။