ထင်သာမြင်သာ

မလန်းယန်၊ ဝိုင်းမော်နယ်ကားလမ်း ပျက်စီးနေမှုအမြန်ကောင်းစေလို

 

မြစ်ကြီးနား  ဇူလိုင် ၁၇


ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် ကုန်စည်ကူးသန်း သွားလာမှုအတွက်  ကားများ၊   ဆိုင်ကယ်များဖြင့်   သွားလာကြရာ     မလန်းယန်ကျေးရွာအနီးရှိ လမ်းပိုင်းသည် ယခုနှစ် မိုးတွင်းကာလတွင်  ဆိုးရွားစွာ   ပျက်စီးနေခြင်းကြောင့်   သွားလာမှု    အခက်အခဲများစွာ    ဖြစ်ပေါ်နေပြီး ခရီးသွားများမှာ မသွားမဖြစ် သွားလာနေကြရသည်။ 


ကားခမှာ ယခင်က ငွေကျပ် ၃,၀၀၀ ဖြစ်ပြီး ယခုတွင် ငွေကျပ် ၂၀၀၀၀ ပေးရသည်။ ခရီးသွားများ အနေဖြင့်   ပျက်စီးနေသောကားလမ်း   အမြန်ကောင်းမွန်လာစေလိုကြပြီး သက်ဆိုင်ရာက ကူညီဆောင်ရွက် ပေးနိုင်ရန် မျှော်လင့်နေကြကြောင်း သိရသည်။ 

ကျောက်တန်းမြို့နယ်ရှိ ချောင်းကူးတံတားအမြန်ပြုပြင်ပေးစေလို

ထင်သာမြင်သာပြုပြင်စရာ




ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ချောင်း၀စံပြကျေးရွာမှ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ကျောင်းသူ ကျောင်းသားများသည် ကျောက်တန်းမြို့ မှ ရန်ကုန်မြို့သို့ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကျေးရွာအဝင်ရိုးချောင်းကူး တံတားမှာ ပျက်စီးနေ၍ မော်တော်ယာဉ်များသွားလာရန် အခက်အခဲဖြစ်နေရသည်။
အဆိုပါ တံတားပျက်ကို ဒေသခံပြည်သူများက အုန်းတုံး များဖြင့် အစားထိုး ထောက်ခုပြုပြင်၍ သွားလာနေကြရသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ပြင်ဆင်ပေးရန် ပြည်သူများက မျှော်လင့်လျက်ရှိသည်။
၀၂၀

Subscribe to ထင်သာမြင်သာ