မော်တင်မှတ်တိုင်အနီး မီးမလင်းသည့် လမ်းမီးတိုင်များအား ပြုပြင်ပေးစေလို

Image
Image not available

ထင်သာမြင်သာ ပြုပြင်စရာ




လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်း မော်တင်လိုင်းကား မှတ်တိုင်အနီး မော်တင်လူကူးခုံးကျော်တံတားမှ လှည်းတန်း လမ်းထိပ်အကြား လမ်းလယ်ရှိ လမ်းမီးနှစ်လုံးစီ တပ်ဆင် ထားသော လမ်းမီးတိုင်လေးတိုင်တွင် တစ်လုံးသာမီးလင်း နေပြီး ကျန်လမ်းမီး ခုနစ်လုံးမှာ မီးမလင်းဘဲပျက်နေသည်မှာ ရက်အတန်ကြာနေပြီဖြစ်သည်။
အဆိုပါနေရာ၌ လိုင်းကားစီးခရီးသည်များ၊ လမ်းသွား လမ်းလာများသည် ညပိုင်းအချိန် ကားလမ်းပေါ်ဖြတ်သန်း သွားလာသောယာဉ်များ၏ မီးအလင်းရောင်ကိုသာ အားပြု သွားလာနေရသည်ဟု ညပိုင်းလိုင်းကားစီးခရီးသည်တစ်ဦး က ဆိုသည်။
လှည်းတန်းလမ်းထိပ်မှအလွန် ဆူးလေဘက်ခြမ်း မဟာ ဗန္ဓုလလမ်းပေါ်တွင် LED မီးလုံးများဖြင့် ယခင်ထက် အလင်းရရှိမှုများနေသော်လည်း မှတ်တိုင်ရှိရာ လှည်းတန်း ထိပ်မှ လူကူးခုံးကျော်တံတားအထိ လျှပ်စစ်ရုံး နောက်ကျော ဝန်းကျင်မှ ဆက်တိုက်ရှိနေသောလမ်းလယ်မီးတိုင် လေးတိုင် မှ LEDမီးလုံးခုနစ်လုံး မီးလင်းစေရန် ပြင်ဆင်ပေးစေလို ကြောင်း မဟာဗန္ဓုလလမ်းတွင် နေထိုင်သူများက လိုလား လျက်ရှိသည်။
ခင်ဆိုင်