မြစ်ကြီးနား ဇူလိုင် ၁၇
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် ကုန်စည်ကူးသန်း သွားလာမှုအတွက် ကားများ၊ ဆိုင်ကယ်များဖြင့် သွားလာကြရာ မလန်းယန်ကျေးရွာအနီးရှိ လမ်းပိုင်းသည် ယခုနှစ် မိုးတွင်းကာလတွင် ဆိုးရွားစွာ ပျက်စီးနေခြင်းကြောင့် သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်နေပြီး ခရီးသွားများမှာ မသွားမဖြစ် သွားလာနေကြရသည်။
ကားခမှာ ယခင်က ငွေကျပ် ၃,၀၀၀ ဖြစ်ပြီး ယခုတွင် ငွေကျပ် ၂၀၀၀၀ ပေးရသည်။ ခရီးသွားများ အနေဖြင့် ပျက်စီးနေသောကားလမ်း အမြန်ကောင်းမွန်လာစေလိုကြပြီး သက်ဆိုင်ရာက ကူညီဆောင်ရွက် ပေးနိုင်ရန် မျှော်လင့်နေကြကြောင်း သိရသည်။
လဘန်အောင်(ကချင်မြေ)