မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပြည်သူ့ဘဝ သာယာဖို့ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်စို့

 

မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ် ရပ်နားဆောင်တွင် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် ကလေးငယ် ငါးဦးလည်း ပါဝင်နေသည်။ မိုင်းထောင်ဖောက်ခွဲခဲ့သည့် လက်သည်  တရားခံမှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်ပြီး နှစ်သစ် ကူးချိန်ခါ  ရိုးရာသင်္ကြန်ကာလတွင်  အများပြည်သူစုဝေးသည့် နေရာဖြစ်သော  သင်္ကြန်မဏ္ဍပ်ကို  ပစ်မှတ်အဖြစ်  ရွေးချယ်၍ ဖောက်ခွဲခဲ့ခြင်းက ၎င်းတို့၏  ရက်စက်ယုတ်မာမှု၊ အဆင်အခြင် ကင်းမဲ့မှု၊  ဉာဏ်ရည်နိမ့်ပါးမှု၊   သဘောထားသေးသိမ်မှုတို့ကို သက်သေပြလျက်ရှိသည်။

ကျက်သရေမင်္ဂလာဝေဆာပြည့်စုံနေမည့် ဘာသာသာသနာတို့ ပွင့်လန်းရာမြေ

 

မိမိတို့နိုင်ငံသည် နိုင်ငံသူ နိုင်ငံသားတို့အား ဘာသာရေးလွတ်လပ် ခွင့်ပေးအပ်ထားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသည် အများစု ကိုးကွယ်ယုံကြည်သည့် ဘာသာဖြစ်သည့်တိုင် အခြားဘာသာ သာသနာများကိုလည်း အသိအမှတ်ပြုကာ ချီးမြှောက်ထောက်ပံ့ သည့် အစဉ်အလာမှာ ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့ သည်။

နှစ်ကူးချိန်ခါမင်္ဂလာ

 

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလ ရောက်ခဲ့ ပြန်ပြီဖြစ်သည်။ နက္ခတ္တဗေဒအလိုအရ တနင်္ဂနွေဂြိုဟ်မင်း(နေ) သည် မိန်ရာသီ(တပေါင်းလ)၏ အဆုံးမှ မိဿရာသီ(တန်ခူးလ) ၏ အစသို့ ကူးပြောင်းချိန်ကျရောက်ခြင်းဖြစ်ပြီး သင်္ကြန်ကျသည် ဟု ဆိုသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကြန္တ”  ဟူသော သက္ကတဘာသာမှ   ပြောင်းလဲလာခြင်းဖြစ်သည်ဟူ၍   လည်း ကောင်း၊  “သင်္ကန္တ”ဟူသော ပါဠိဘာသာမှ ပြောင်းလဲလာခြင်း ဖြစ်သည်ဟူ၍လည်းကောင်း    ယူဆကြပြီး    အနက်အဓိပ္ပာယ် အားဖြင့်   “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” သာလျှင် ဖြစ်သည်။ သို့ဖြစ်ရာ  သင်္ကြန်သည်  နှစ်ဟောင်းမှ  နှစ်သစ်သို့  ကူးပြောင်း ခြင်းပင်ဖြစ်သည်။

သက်တမ်းစေ့ ကျန်းမာစေရအောင် ဆေးလိပ်၊ ဆေးရွက်ကြီး၊ အီး-စီးကရက်ရှောင်

 

မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၄၀ ကျော် အသေအပျောက်ရှိနေသည်၊၊ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးချို/ဆီးချို၊ နာတာရှည်အဆုတ်ရောင် စသည့် ‌ရောဂါများဖြစ်ကြ သည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အကြောင်း ရင်းများမှာ ဆေးလိပ်နှင့်‌ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံး ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရက်ယမကာသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသောက် ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရာ ကြိုတင် ကာကွယ်တားဆီးနိုင်သည့် အကြောင်းရင်းများပင်ဖြစ်သည်၊၊

သတင်းစာနှင့် ဆိုရှယ်မီဒီယာ

 

၁၇ ရာစု ဥရောပ၏ တီထွင်မှုအဖြစ် သတင်းစာများစတင်ပေါ်ပေါက် လာပြီးနောက် ကမ္ဘာတစ်ခွင် ပထမဦးဆုံးသောမီဒီယာအဖြစ် ရာစုနှစ် များနှင့်ချီ၍ သတင်းစာများ တွင်ကျယ်ခဲ့သည်။ ၂၀ ရာစုအစောပိုင်း တွင် ရေဒီယိုအသံလွှင့်လုပ်ငန်းများ၊ ၂၀ ရာစုအလယ်ပိုင်းတွင် ရုပ်မြင် သံကြားထုတ်လွှင့်မှုလုပ်ငန်းများ  စသည်ဖြင့်   အီလက်ထရွန်နစ် မီဒီယာများ ပေါ်ပေါက်လာသည့်အခါတွင်လည်း  ရှေးဦးမီဒီယာဖြစ် သည့် သတင်းစာလုပ်ငန်းအပေါ်  ထိခိုက်မှုမဖြစ်။    သတင်းစာသည်   ကိုယ့်အားသာချက်နှင့်ကိုယ်     အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်ခဲ့သည်။

အနုပညာရသမြောက်စွာ ဖန်တီး တာဝန်ယူ၊ တာဝန်ခံ၍ ထုတ်လွှင့်ပြသ

 

တေးသီချင်းဗီဒီယိုများ       ရိုက်ကူးထုတ်လွှင့်ပြသမှုများတွင် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင် မှုမရှိစေရေး၊ ကာမရာဂ လှုံ့ဆော်မှုများ ပါဝင်မှုမရှိ‌စေရေးဟူသော ဆင်ဆာမူဝါဒများကို    ထိခိုက်စေနိုင်ခြင်း   မရှိစေရေးအတွက် ထုတ်လုပ်သူများ ကိုယ်တိုင်တာဝန်ယူမှု၊  တာဝန်ခံမှုဖြင့် စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်း ပြန်ကြား  ရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်၊၊ အကယ်၍ တေးသီချင်းဗီဒီယိုများကို   ဆင်ဆာအဖွဲ့သို့တင်ပြပြီး  စစ်ဆေး ခွင့်ပြုချက်ရယူလိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဟု သိရ သည်။

အပူချိန်မြင့်မားမှုကာကွယ် ဥတုသပ္ပါယမျှတစွာနေထိုင်

 

အားအသင့်အတင့်ရှိသော အယ်နီညို၏ အကျိုးသက်ရောက်မှု နှင့်အတူ ယခုနှစ် နွေရာသီ၏ နေ့အပူချိန်များ မြင့်မားလျက် ရှိသည်။ ပြင်းထန်သည့် အပူချိန်သည် အပူလျှပ်ခြင်း၊ သတိလစ် မေ့မြောခြင်း၊ ရုတ်တရက်သေဆုံးခြင်းကဲ့သို့သော ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြင့်မားသည့်အပူချိန်ကို ကာလကြာရှည်ခံစားရပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။

ရသ၊ သုတစာပေ ရှာဖွေဖတ်ရှု အကျိုးပြု

 

စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယ ကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ် ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏  အနက်အဓိပ္ပာယ်ကိုလည်း  သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်