မြန်မာ့အလင်းအယ်ဒီတာအာဘော်
ပထမအရွယ်မှာ ပညာရှာ မပျက်မကွက် ကျောင်းသို့တက်
လူဟူ၍ ဖြစ်လာပြီးသည်နှင့် ပထမအရွယ်မှာပညာရှာကြရခြင်းသည် မိမိဘာသာရှင်သန်ရပ်တည်ရမည့် ဘဝခရီးအတွက် ပြင်ဆင်ကြရခြင်းဖြစ်သည်။ ပညာမရှာ၍ ပညာမပါခဲ့သည်ရှိသော် ဘဝခရီးကိုစမ်းတဝါးဝါးနှင့် လျှောက်လှမ်းကြရမည်။ ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲလိမ့်မည်။ အပြောကျယ်လှသည့် လောကဟူသည် ပညာမဲ့သူအဖို့ လွန်စွာကျဉ်းမြောင်းကာ မှောင်မိုက်၍လည်းနေမည်ဖြစ်သည်။
နိုင်ငံအတွင်း စားရေရိက္ခာဖူလုံပေါများရေး မွေးမြူရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်
လူတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အသားငါး (Protein) စားသုံးရန် လိုသည်။ အရည်အသွေးမြင့်သော အသားဓာတ် (Protein) က ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးရန်နှင့် ဆဲလ်အသစ်များ ဖြစ်ပေါ်ရန် အထောက်အပံ့ပြုသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လူတစ်ဦးသည် မိမိခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) တိုင်းအတွက် နေ့စဉ်အသားဓာတ် (ဝ ဒသမ ၈) ဂရမ်ခန့် စားသုံးရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
အနှောင့်အယှက်၊ အဖျက်အဆီးကြားမှ တိုးမြှင့်ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အား
ရာသီဥတုအပူပြင်းဆုံးအချိန်ဖြစ်သည့် ဧပြီလနှင့် မေလတို့မှာ ဓာတ်အားသုံးစွဲမှုအားဖြင့်လည်း အမြင့်ဆုံးအချိန်ဖြစ်သည်။ ယင်းသို့သောအချိန်ကာလတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။
အဖိုးတန် ရေချိုအရင်းအမြစ်များ မပျက်မစီးရန် ထိန်းသိမ်းစောင့်ရှောက်
ရေသည် လူတိုင်းနေ့စဉ်သုံးစွဲရန်လိုအပ်သည့် မရှိမဖြစ်သယံဇာတဖြစ်သည်။ ရေသည်လွန်စွာအဖိုးတန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည့်အလျောက် ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်ဆုံးရှုံးမှုမဖြစ်စေရန် စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိအသုံးပြုကြရမည်ဖြစ်သည်။
အမှားကိုမြင် အမှန်ပြင်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ ထပ်မံ၍ဝင်ရောက်လာကြသည်။ ၎င်းတို့ အများစုမှာ မိသားစုဝင်ဆွေမျိုးများကို ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး ၎င်းတို့ကဲ့သို့ပင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိကြသူများ အများအပြားကျန်ရှိနေသေးသည်ဟုလည်း သိရသည်။
ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုများတွင် လူတိုင်းပါဝင်
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်နှင့် ပညာသင်ခွင့် မဆုံးရှုံးစေရန်ဖြစ်ပြီး လှုပ်ရှားမှုတွင် မိဘအုပ်ထိန်းသူများနှင့် လူထုတစ်ရပ်လုံးပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။