မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်သွားမှာကို ကြောက်နေကြသလား
ကောင်းမြင့်ခိုင်
အာဆီယံနဲ့ပတ်သက်ရင် စာရေးသူရင်ထဲမှာခံစားချက်ရှိနေပါတယ်။စာရေးသူမှမဟုတ်ပါဘူး။အများပြည်သူများမှာလည်း ကျွန်တော့်လိုမျိုးခံစားချက်ရှိပါတယ်။ မြန်မာနိုင်ငံဟာအာဆီယံအဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ဖြစ်တဲ့အကြောင်းရင်းကလည်း မြန်မာတို့ အနေနဲ့ဆန္ဒရှိသလို အခြားအာဆီယံနိုင်ငံ အားလုံး ကလည်း မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထား အချက်အချာကျမှု သိရှိတဲ့အတွက် မြန်မာကို အာဆီယံမှာ ပါဝင်စေချင်ကြပါတယ်။ ဒါကြောင့် လည်း မြန်မာတို့ အာဆီယံကို ဝင်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် အာဆီယံ



