အမျိုးသားနေ့မှသည် အစဉ်နိုးကြားသော အမျိုးသားရေးစိတ်ဓာတ်ထက်သန်ရေး
နုခန့်ယဉ်(ရစ်ကန်ကြီး)
မြန်မာလူမျိုးတို့သည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသူများဖြစ်သည်။ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးကြသည်။ မိမိလူမျိုးအား တိုင်းတစ်ပါးမှ ချိုးနှိမ်သည်ကို မနှစ်သက်သကဲ့သို့ မိမိတိုင်းပြည်ကို တိုင်းတစ်ပါးမှ မတရားစိုးမိုးခြယ်လှယ်သည်ကိုလည်း မနှစ်သက်ကြချေ။ မြန်မာလူမျိုးတို့သည် သူတစ်ပါးလူမျိုးအပေါ်လည်း မနှိမ်ချသကဲ့သို့ သူတစ်ပါးတိုင်းပြည်ကို ရန်စကျူးကျော်ခြင်း မပြုတတ်ကြပေ။ “ဝံသာနုရက္ခိတတရား”ကို ရှေ့တန်းတင်ထားကြသည့်လူမျိုးများ ဖြစ်ကြသည်။



