ပြိုင်ပွဲများဖြင့် စည်ကားနေမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း
ကိုဌေး (ကနောင်)
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် အမိ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခါသမယပင်ဖြစ်ပါသည်။ (၇၅)နှစ်မြောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားများထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိပါသည်။



