ပါတီစုံခေတ်တွင် ပြည်သူကို ကိုယ်စားပြုရမည့်ပါတီများ ခိုင်မာအားကောင်းရေး
မဲဆန္ဒရှင်တစ်ဦး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၆-၁-၂၀၂၃ ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၅/၂၀၂၃)ကို ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၃၁-၁-၂၀၂၃ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၂၀၂၃ ဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ပေးခဲ့ပါသည်။



