စာပေကောင်းကျိုး စဉ်သယ်ပိုးသည့် ဆရာကြီး မောင်သာနိုး
ရဲရင့်နဒီ (စာပေဗိမာန်)
ယမန်နေ့မှအဆက်
ထိုစာပေအရေးအသား စာတမ်း၏ နောက်ဆက်တွဲ စာတမ်းနှစ်စောင်ကို ၁၉၆၈ ခုနှစ်၊ ၁၉၆၉ ခုနှစ်တို့တွင် ဆရာ ကြီးက ဆက်လက်တင်သွင်းခဲ့သည်။ စကားပြောသလို ရေးသားသင့်ကြောင်း စာပေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်း လတ် (ခေါ်) မင်းလတ်ရဲခေါင်၏ အယူ အဆကို မန္တလေးမြို့မှ လူထုဦးလှ၊ ဒေါက်တာ သန်းထွန်း၊ ပါမောက္ခ ဦးကျော် ရင်နှင့် မောင်သာနိုးတို့က လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြသည်ဟု သိရ သည်။