ရခိုင်ပြည်နယ်မှ ပြည်သူတို့အတွက် နိုင်ငံတော်က ဖောက်လုပ်တည်ဆောက်ပေးခဲ့သော လမ်းတံတားများ

Type
5

 

ခရမ်းစိုးမြင့်

 

လမ်းနှင့် တံတားလုပ်ငန်းများ 


ရခိုင်ပြည်နယ်မှ              ပြည်သူတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန      ရခိုင်ပြည်နယ် လမ်းဦးစီးဌာနက  လမ်းတံတားများကို   အဆင့် မြှင့်တင် တည်ဆောက်ပေးလျက်ရှိရာ ပြည်ထောင်စု အစိုးရက   စီမံခန့်ခွဲသောလမ်း ရှစ်လမ်း၊ ပြည်နယ် အစိုးရက စီမံခန့်ခွဲသော လမ်း ၄၅ လမ်း စုစုပေါင်း  ၅၃ လမ်း (အရှည် ၁၂၁၁ မိုင်ကျော်)ကို ဆောင် ရွက်လျက်ရှိသည်။     ၃၀-၉-၂၀၂၁  ရက်အထိ ကတ္တရာကွန်ကရစ်လမ်း ၁၈ မိုင်ကျော်၊ ကွန်ကရစ် လမ်း ၂၆၅ မိုင်ကျော်၊ ကတ္တရာလမ်း ၆၆၇ မိုင်ကျော်၊ ကျောက်လမ်း ၁၅၉ မိုင်ကျော်၊ အမာခံလမ်း ၆၈ မိုင်ကျော်နှင့်   မြေလမ်း ၃၂ မိုင်ကျော်ကို အဆင့်မြှင့် တင်ခဲ့သည်။

 


တံတားများအနေဖြင့် ပေ ၅၀ အောက် တံတား ၄၈၉၁ စင်း၊ ပေ ၅၀ မှ ၁၀၀ ကြား တံတား ၁၈၈ စင်း၊ ပေ ၁၀၀ မှ  ၁၈၀ ကြား တံတား ၉၈ စင်း၊ ပေ ၁၈၀ အထက် ၇၃ စင်း စုစုပေါင်းတံတား အစင်း ၅၂၅၀ ကို  အဆင့်မြှင့်တင်  ဆောင်ရွက်လျက်ရှိ သည်။  ထို့အပြင်  လမ်းဦးစီးဌာနပိုင်   လမ်းပေါ်ရှိ အဓိကတံတားကြီး    သုံးစင်းဖြစ်သော     ဂွချောင်း တံတား  ၁၃၉၈  ပေကျော်နှင့်      ညောင်ချောင်း-တပ်တောင် လမ်းပေါ်ရှိ ကျွဲကူးတံတား ပေ ၉၆၀ တို့ကို တံတားတည်ဆောက်ရေး   အထူးအဖွဲ့(၈)ကလည်းကောင်း၊  မင်းဘူး-အမ်း-စစ်တွေလမ်းပေါ်ရှိ ရာမောင်တံတား ၁၂၈၄ ဒသမ ၃ ပေ နှင့်  မြောင်း ဘွေတံတား ပေ ၇၄၀ တို့ကို တံတားတည်ဆောက် ရေးအထူးအဖွဲ့(၇)ကလည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ မြောင်းဘွေတံတားမှာ တည်ဆောက်ဆဲဖြစ်ပြီး      ရာမောင်တံတားမှာ ရာနှုန်းပြည့်     ပြီးစီးပြီဖြစ်သည်။  ယင်းတံတား လေးစင်း ၏    တံတားဆိုင်ရာ   အချက်အလက်များကို နောက်တွင် ပူးတွဲဖော်ပြထားပါသည်။

 


အဓိကလမ်းမကြီး ငါးလမ်း


ရခိုင်ပြည်နယ်၏ အဓိက ဝင်ပေါက်ထွက်ပေါက် ဖြစ်သော  လမ်းမကြီး  ငါးလမ်းရှိသည်။ ၎င်းတို့မှာ မင်းဘူး-အမ်း-စစ်တွေလမ်း ၂၃၅ မိုင် ၅ ဖာလုံ၊ ပြည်(နဝဒေး)-တောင်ကုတ်လမ်း ၅၅ မိုင် ၃ ဖာလုံ၊ ငါးသိုင်းချောင်း(ရေနံ့သာ)-ဂွလမ်း   ၂၇    မိုင်၊ ငရုပ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင် ယံ- မကျီးဇင်-ကျောက်ချွန်-ဂွလမ်း  (မကျေးငူ-ဂွအပိုင်း)  ၉  မိုင်  ၆  ဖာလုံနှင့်  ကျောက်တော်-ပလက်ဝလမ်း မိုင် ၂၀ တို့ဖြစ်သည်။ 

 


လမ်းမကြီး ငါးလမ်းနှင့် တောင်ကုတ်-မအီ-ကျောက်ဖြူလမ်း၊ သံတွဲ-ဂွလမ်းတွင်  အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို   အလေးထားဆောင်ရွက် လျက်ရှိသည်။  ယင်းလမ်းခုနစ်လမ်းထဲတွင်  အဓိက လမ်း သုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်း  ၂၃၅ မိုင် ၅ ဖာလုံ ၊       တောင်ကုတ်-မအီ-ကျောက်ဖြူလမ်း ၁၁၉ မိုင် ၇ ဖာလုံ နှင့်    ပြည် (နဝဒေး)-တောင်ကုတ်လမ်း ၅၅ မိုင် ၃ ဖာလုံတို့ကို နေ့စဉ်ဖြတ်သန်းသွားလာသည့် ယာဉ်စီးရေအပေါ် မူတည်၍ ၁၂ ပေ အကျယ်မှ ၁၈ ပေ အကျယ် ရရှိရန် နှစ်စဉ် လျာထားဆောင်ရွက်လျက်ရှိသည်။ ကျန် လမ်းများကိုလည်း     ဦးစားပေးအဆင့်အလိုက် နှစ်စဉ်  အဆင့်မြှင့်တင်လျက်ရှိသည်။

 


မင်းဘူး-အမ်း-စစ်တွေလမ်းတွင် ၃၀-၉-၂၀၂၁ ရက်အထိ ကတ္တရာကွန်ကရစ်လမ်း အကျယ် ၁၈ ပေအထက်  ငါးမိုင်နှင့် အကျယ် ၁၈ ပေအောက် တစ်မိုင်၊ ကွန်ကရစ်လမ်း အကျယ် ၁၈ ပေအထက် ၁ မိုင် ၆ ဖာလုံကျော်နှင့်  ၁၈ ပေအောက် ၁၁၇ မိုင် ၂ ဖာလုံကျော်၊ ကတ္တရာလမ်း အကျယ် ၁၈ ပေ အထက် ၂ မိုင် ၅ ဖာလုံနှင့် အကျယ် ၁၈ ပေအောက် ၁၀၇ မိုင်  ၇ ဖာလုံ ရှိသည်။
တောင်ကုတ် - မအီ - ကျောက်ဖြူလမ်းတွင်  ၃၀-၉-၂၀၂၁ ရက်အထိ ကွန်ကရစ်လမ်း အကျယ် ၁၈ ပေအထက်  ၃ ဖာလုံ၊ ၁၈ ပေအောက်  ၈ မိုင် ၄ ဖာလုံကျော်၊   ကတ္တရာလမ်း  အကျယ် ၁၈ ပေ အထက် ၅ မိုင်နှင့် ၁၈ ပေအောက် ၁၀၅ မိုင် ၇ ဖာလုံကျော်  ရှိသည်။

 


ပြည်(နဝဒေး)-တောင်ကုတ်လမ်းတွင်မူ  ကွန် ကရစ်လမ်း အကျယ် ၁၈ ပေအထက် ၄ ဖာလုံနှင့် ၁၈ ပေအောက်  ၄ မိုင် ၃ ဖာလုံကျော်၊ ကတ္တရာလမ်း ၁၈ ပေအောက် ၅၀ မိုင် ၃ ဖာလုံကျော် အသီးသီးရှိ သည်။

 


ဆက်လက်ဆောင်ရွက်


၂၀၂၁  အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ ခြောက်လဘဏ္ဍာနှစ်အတွင်း     ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၄ ပေ အကျယ် ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း  ၁ ဖာလုံကျော်၊ ၂၃ ပေအကျယ်ခင်းခြင်း ၃ ဖာလုံကျော်၊ ၁၈ ပေအကျယ် ကွန်ကရစ်ခင်းခြင်း ၃ မိုင် ၂ ဖာလုံကျော်၊ ၁၂ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၅ ဖာလုံကျော်၊ RCC Box Culvert နှင့် ပေ ၅၀  အောက် သံကူ ကွန်ကရစ်တံတားတည်ဆောက်ခြင်း ရှစ်စင်း၊ ပေ ၅၀ အထက် သံကူကွန်ကရစ်တံတား တည်ဆောက် ခြင်း ရှစ်စင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။ 

 


ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်လည်း ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်ခင်းခြင်း ၁ မိုင် ၂ ဖာလုံ၊ ၂၄ ပေအကျယ် ကွန်ကရစ်ခင်းခြင်း ၁ မိုင် ကျော်၊ ၁၈ ပေအကျယ် ကွန်ကရစ်ခင်းခြင်း ၁၃ မိုင် ၄ ဖာလုံကျော်၊  ၁၈ ပေအကျယ် ကတ္တရာခင်းခြင်း ၁ မိုင် ၄ ဖာလုံကျော်၊ ၁၂ ပေအကျယ် ကတ္တရာ လမ်းသစ်ခင်းခြင်း ၂ မိုင် ၃ ဖာလုံကျော်၊ ၁၂ ပေမှ  ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၂ မိုင်  ၃ ဖာလုံကျော်၊  ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ မိုင် ၃ ဖာလုံကျော်၊  ကတ္တရာရေပိတ်လွှာနှစ်ထပ်လောင်းခြင်း ၃ မိုင်၊ ကျောက်လမ်းခင်းခြင်း ၁၁၄၈ ပေ၊ ကျောက်စီမြေထိန်းနံရံနှင့် မြေကာနံရံတည်ဆောက် ခြင်း ၁၄၆၂ ပေ ၊ ကီလိုမီတာတိုင်စိုက်ထူခြင်း ၆၇ တိုင်၊ RCC Box Culvert နှင့် ပေ ၅၀ အောက် သံကူ ကွန်ကရစ်တံတား တည်ဆောက်ခြင်း ၂၆ စင်း၊ ပေ ၅၀ အထက် သံကူကွန်ကရစ် တံတားတည်ဆောက် ခြင်း    (တည်ဆောက်ဆဲ)သုံးစင်းနှင့်     မြေယာ  လျော်ကြေးငွေပေးချေခြင်းသုံးခုတို့ကို ဆောင်ရွက် လျက်ရှိသည်။  ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ပစ္စည်းတင်ဒါ ၉၅ ဒသမ ၆၃ ရာခိုင်နှုန်း၊ လုပ်ငန်းတင်ဒါ ၄ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 


ရာမောင်တံတား


တံတားတည်နေရာမှာ     မင်းပြားမြို့နယ် ရန်ကုန် - စစ်တွေလမ်း မိုင်တိုင် (၉၁/၂)နှင့် (၉၁/၄)ကြားတွင်ရှိပြီး လေးမြို့မြစ်ကို ဖြတ်သန်းဖောက် လုပ်ထားသော တံတားဖြစ်သည်။ တံတားအမျိုး အစားမှာ အပေါ်ထည် သံကူကွန်ကရစ်ရက်မ + PC Girder + Steel Box Girder + သံကူကွန်ကရစ် ကြမ်းခင်းနှင့် အောက်ထည် သံကူကွန်ကရစ်၊ Bored Pile Foundation အုတ်မြစ် ဖြစ်သည်။ 

 


တံတားအရှည်မှာ ၃၉၁ ဒသမ ၄၄ မီတာ(၁၂၈၄ ဒသမ ၃ ပေ)ဖြစ်ပြီး  တံတားခန်းဖွင့်မှာ  ၁၈ ဒသမ ၂၉ မီတာ RC Girder  နှစ်ခန်း + ၂၇ ဒသမ ၄၃ မီတာ PC Girder နှစ်ခန်း + ၆၀ မီတာ Steel Box Girder ငါးခန်း ဖြစ်သည်။ ရေလမ်းကင်းလွတ်အမြင့် ပေ ၂၀ ရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ပေ ၁၈၀ ရှိသည်။ တံတားအကျယ်မှာ ယာဉ်သွားလမ်း ၂၈ ပေ+လူသွားလမ်း ခြောက်ပေဖြစ်သည်။  ခွင့်ပြု ယာဉ်အလေးချိန်မှာ -H.S-25-44 ဖြစ်သည်။ ခန့်မှန်း    စီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၁၂၀၀၀ ဖြစ်သည်။

 


မြောင်းဘွေတံတား


တံတားတည်နေရာမှာ    မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေလမ်း၊ မိုင်တိုင် (၉၉/၄)မှ (၉၉/၆)ကြားတွင်တည်ရှိပြီး  မြောင်းဘွေချောင်းကိုဖြတ် ကျော်    တည်ဆောက်ထားသည်။  တံတားအပေါ် ထည်ကို သံကူကွန်ကရစ်ရက်မ + PC Girder + သံကူကွန်ကရစ်ကြမ်းခင်းဖြင့် တည်ဆောက်ထား ပြီး အောက်ထည်ကို သံကူကွန်ကရစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။ အုတ်မြစ်မှာ Bored Pile Foundation ဖြစ်သည်။ တံတားအရှည် ၂၂၅ ဒသမ ၅၄ မီတာ (ပေ ၇၄၀) ရှိပြီး တံတားခန်းဖွင့်မှာ ပေ  ၆၀ သံကူကွန်ကရစ်လေးခန်း + ပေ ၁၀၀ PC Girder ငါးခန်းပါဝင်သည်။ ရေလမ်းကင်းလွတ်အမြင့် ၂၁ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိသည်။ တံတားအကျယ်မှာ ယာဉ်သွားလမ်း ၂၈ ပေနှင့် လူသွားလမ်း ခြောက်ပေဖြစ်သည်။  ခွင့်ပြုယာဉ် အလေးချိန်မှာ တန်  ၆၀ ဖြစ်သည်။ ခန့်မှန်းစီမံကိန်း တန်ဖိုးမှာ ငွေကျပ်သန်း ၄၇၄၀ ဖြစ်သည်။

 


ကျွဲကူးတံတား


ကျွဲကူးတံတားသည် အမ်းမြို့နယ်   ကျွဲကူး-တပ်တောင်လမ်း၊     တံတားအမှတ်(၂/၇)၊ မိုင် တိုင်အမှတ်(၇/၀)တွင် တည်ရှိသည်။ တံတားအမျိုး အစားမှာ အပေါ်ထည်  Plate Girder + RC Girder၊ သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး အောက်ထည်ကို သံကူကွန်ကရစ်ဖြင့်     တည်ဆောက်ထားသည်။ အုတ်မြစ်ကို သံကူကွန်ကရစ်ဘိုးပိုင်ဖြင့် ထည့်သွင်း တည်ဆောက်ထားသည်။ တံတားအရှည်မှာ ပေ   ၉၆၀   ရှိပြီး တံတားခန်းဖွင့်မှာ (ပေ ၆၀ x  ၃ ခန်း+ ပေ ၁၂၀ x  ၅ ခန်း+ ပေ ၆၀ x ၃ ခန်း)ဖြစ်သည်။ တံတားအကျယ်မှာ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွား လမ်း ခြောက်ပေဖြစ်ပြီး ခွင့်ပြုယာဉ်အလေးချိန်မှာ HL-93 ဖြစ်သည်။   ရေလမ်းကင်းလွတ်အမြင့်မှာ ပေ ၂၀ ဖြစ်ပြီး ရေလမ်းကင်းလွတ်အကျယ် ပေ ၁၀၀ ရှိသည်။  ခန့်မှန်းစီမံကိန်းတန်ဖိုးမှာ တံတားအတွက် ငွေကျပ်သန်း ၄၈၀၀ နှင့် ချဉ်းကပ်လမ်းအတွက် ငွေကျပ် ၂၄၈၇ သန်း စုစုပေါင်း ငွေကျပ် ၇၂၈၇ သန်း ဖြစ်သည်။

 


ဂွချောင်းတံတား


ဂွချောင်းတံတားသည် သံတွဲခရိုင်  ဂွမြို့နယ်တွင် တည်ရှိသည်။ တံတားအမျိုးအစားမှာ အပေါ်ထည်  PC Girder + RC Girder ၊ သံကူကွန်ကရစ်ကြမ်းခင်း ဖြစ်ပြီး အောက်ထည် သံကူကွန်ကရစ်ဖြစ်သည်။ အုတ်မြစ်မှာ သံကူကွန်ကရစ်ဘိုးပိုင် ဖြစ်သည်။ တံတားအရှည်မှာ ၁၃၉၈ ပေ ၉ လက်မ(၄၂၆ ဒသမ ၃၄ မီတာ)ရှိသည်။ တံတားခန်းဖွင့်မှာ (၂၆ ပေ x ၃ ခန်း + ပေ ၆၀ x ၁ ခန်း  +  ပေ ၁၀၀ x ၁၂ ခန်း + ပေ ၆၀ x ၁ ခန်း)ရှိပြီး တံတားအကျယ်မှာ ယာဉ် သွားလမ်း ၂၄ ပေနှင့်  လူသွားလမ်း  ခုနစ်ပေဖြစ် သည်။  ခွင့်ပြုယာဉ်အလေးချိန်မှာ HL – 93 ဖြစ် သည်။ ရေလမ်းကင်းလွတ်အမြင့်မှာ ၆ ဒသမ ၁ မီတာ  (ပေ၂၀) ဖြစ်ပြီး    ရေလမ်းကင်းလွတ် အကျယ်မှာ ၂၅ ဒသမ ၉၁  မီတာ (၈၅ ပေ)ရှိသည်။ ခန့်မှန်းစီမံကိန်းတန်ဖိုးမှာ တံတားအတွက် ငွေကျပ် ၇၈၈၆ ဒသမ ၆၈ သန်းနှင့် ချဉ်းကပ်လမ်းအတွက် ငွေကျပ် ၁၀၉၃ ဒသမ ၃၂ သန်း စုစုပေါင်းငွေကျပ်သန်း ၈၉၈၀ ဖြစ်သည်။
အချုပ်အားဖြင့် တင်ပြရလျှင် ရခိုင်ပြည်နယ်မှ ပြည်သူများသည် မြန်မာ့မြေပေါ်၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော မြန်မာ့တိုင်းရင်းသားများဖြစ် ကြသဖြင့်    နိုင်ငံတော်အစိုးရသည်    ရခိုင်ပြည်သူ တို့အတွက်    လမ်းတံတားများကို    ဆက်လက် တည်ဆောက်ပေးလျက်ရှိနေပေသည်။      ။