လူမှုရေး

သာသနာတော်ကြီး နေလို လလို

 

မြင့်မောင်စိုး

 

ဤသတ္တလောကကြီး၌     မြတ်ဗုဒ္ဓဘုရားရှင်သည်    သတ္တဝါခပင်း ဝေနေယျအပေါင်းတို့     မကောင်းမှုရှောင်     ကောင်းမှုဆောင်လျက် ကောင်းကျိုးလိုရာအဖြာဖြာနှင့် ပြည့်စုံစေခြင်းငှာ အကြောင်းအကျိုး ထောက်ရှု၍ သာသနာတော်အနှစ်ငါးထောင် ထားတော်မူခဲ့လေ၏။ထိုသာသနာတော်သည်ကား ယခုအခါ တစ်ဝက်ပင်ကျိုးလေပြီ။ 

 


သာသနာတော်ကြီး   ဆက်လက်တိုးတက်  စည်ပင်ပြန့်ပွားစေ ခြင်းငှာ အစိုးရမင်းအဆက်ဆက် ချီးမြှောက်တော်မူကြသဖြင့် သာသနာ တော်၏ ရေသောက်မြစ်ကြီးသည် ကြီးထွားရှင်သန်ဖွံ့ဖြိုးလျက် အသီး အရွက်၊ အခက်အလက်တို့သည် ဝေဆာရွှန်းမြ လှပနေဆဲပင်ဖြစ်ပါ၏။

 

အမျိုးသားစာပေဆု၊ တစ်သက်တာဆုရှင် (စာရေးဆရာ) ဆုရ ဆရာဖိုးကျော့၏ စာပေ အနုပညာရှင်ဘဝ

 

ကြည်ကြည်ဝင်း(စာပေဗိမာန်)
 

 

ဘဝတစ်လျှောက်လုံး စာပေရေးသားခြင်း၊ စာပေသုတေသနပြုခြင်း၊ နိုင်ငံအကျိုးပြု စာပေဆိုင်ရာနှင့် အနုပညာဆိုင်ရာလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်း၊ လေးစားထိုက်သော စာပေလက်ရာ အများအပြား ရေးသားပြုစုထားသူဖြစ်ခြင်း စသည့် မြန်မာစာပေဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်ပြုလုပ်လျက် မြန်မာစာပေဖွံ့ဖြိုးရေးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် စာရေးဆရာကြီးများ၊ ပညာရှင်ကြီးများအား “အမျိုးသားစာပေ တစ်သက်တာဆု”အဖြစ် နိုင်ငံတော်အစိုးရက ၂၀၀၁ ခုနှစ်မှစတင်လျက် နှစ်စဉ် စာဆိုတော်နေ့တွင် ချီးမြှင့်ပေးလျက်ရှိသည်။

 

မူဝါဒစက်ဝန်း

 

သိုက်စိုးထွန်း(နတ်ရွာ)

 

မူဝါဒဖန်တီးသူနဲ့ ဆုံးဖြတ်ချက်ချမှတ်သူ။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနယ်ပယ်မှာ   ဒီပုဂ္ဂိုလ်နှစ်မျိုးက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ မူဝါဒ ဖန်တီးတဲ့သူက ပညာရှင်၊ အဆုံးအဖြတ်ပြုနိုင်သူက တော့ အခွင့်အာဏာရှိသူလို့ ဆိုကြပါစို့။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်

 

ကိုရွှေဦး

 

မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PRs)ဖြင့် ဆောင်ရွက်ရန်  တောင်းဆိုလာကြသည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုက အဆိုပြုတင်ပြခဲ့ကြသည်။

 

အခွံသင်တတ်မှ မျှတလှပမည်

 

ခွန်ဝင်းခီ

 

ကျွန်တော်သည်  ပင်စင်စားတစ်ယောက်သာ ဖြစ်ပါသည်။ ပင်စင်စားမို့ ကျွန်တော့်တွင် အလွန်ကြီးလေးသော  တာဝန်မရှိပါ။  မိသားစုအတွက် ထမင်းတစ်အိုးငှဲ့ချက်သည့်တာဝန်နှင့်  ကြက်သွန်အဖြူ၊ ကြက်သွန်အနီ  “အခွံသင်”သည့်  တာဝန်ထမ်းဆောင်ခြင်းသည်သာ ကျွန်တော့်အတွက် မဟာဝန်ဆောင်မှုဖြစ်သည်။

 

ယနေ့နံနက်စောစောမှာ    ကြက်သွန်ဖြူ/နီ “အခွံ”သင်ရင်း  ဘယ်ကဘယ်လို  စိတ်တွေလွင့်ပျံ့ သွားသည်မသိ။ “အခွန်” (tax) နဲ့ပတ်သက်လို့ ဟိုဟို သည်သည် အတွေးပျံ့လွင့်သည်။
“အခွံ”သင်တာကအကြောင်း၊ “အခွန်” ကိစ္စ စဉ်းစားမိတာက အကျိုးဖြစ်သည်။ ကြောင်းကျိုး ဆက်နွှယ်မှုရှိသည်။

 

Subscribe to လူမှုရေး