နယ်ရုံးများ၏သတင်းများ

Aug 06,2020
CERPအစီအစဉ်ဖြင့် ရောင်းချပေးသော Sonalike(4WD)90HP ထွန်စက်ကြီး (၁၂)စီးနှင့် တွဲဖက်သုံး 6 disc poly disc  plough (၁၁) လက်အား တောင်သူလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဩဂုတ်လ ၆ ရက်နေ့ ၊နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများသည်လှိုင်မြို့နယ်ရှိ ရပ်ကွက်များ၌​ဆောင်ရွက် လျက်ရှိရာယ​နေ့ နံနက်၈နာရီ ကစ
Aug 06,2020
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် စျေးများအတွင်းရှိ ဝက်သားဆိုင်များတွင် ယနေ့ နံနက်ပိုင်းတွင် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများအား မြို့နယ်စည်ပင်သာယာ‌ ရေးကော်မတီအဖွဲ့နှင့် မြို့နယ်မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်းပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
Aug 06,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ကို ယနေ့ နံနက် ၈ နာရီတွင် ရွှေကူမြို့ စည်ပင်သာယာရေးစျေးများနှင့် လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
Aug 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မြို့နယ် ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့  နံနက်ပိုင်းတွင် ရပ်ကွက်များသို့သွားရောက်၍    မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန် ၂၅ ရက်‌မှစတင်ကာ တောင်သူများထံသို့ စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
Aug 06,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ဟိုဖကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်က ဟိုဖကျေးရွာခန်းမဆောင်၌ ကျင်းပသည်။