ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်နေထိုင်သူများအား စားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနားတက်ရောက်
ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိနေထိုင်သူများအား စားသောက်ကုန်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့် ပြည်သူများနှင့် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်နေထိုင်ကြသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။