ကယားပြည်နယ်

မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ် (ဘီပီ-၁၃) နှင့် (ဘီပီ-၁၄) တို့ကို မတ်၂၁ရက်မှစ၍ တရားဝင်ပိတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှု မရှိစေရေးနှင့် ခရီးသွား ပြည်သူများ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မယ်စဲ့ ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါ ဖြစ်ပွားလာပါက ကုသ ဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သီးခြားဆေးကုသ ဆောင်များ ပြင်ဆင် ဆောင်ရွက် နေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ၊ ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၁၁) နာရီအချိန်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည်ရှုစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသောကြောင့် အဆိုပါရောဂါ ကူးစက်ခြင်းမရှိစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွာသစ်မြို့၌ နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးတားလမ်းများ စုပေါင်းဆောင်ရွက်

ကယားပြည်နယ်၊ ရွာသစ်မြို့အတွင်းရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တောမီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု မရှိစေရန် ရည်ရွယ်၍ မီးတားလမ်း ဆောင်ရွက်ခြင်း၊ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့အဝင်ဆိုင်းဘုတ်မှ မြို့အပြင် လမ်းတစ်လျှောက်ရှိ လမ်းများအား မီးတားလမ်း စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

COVID-19 အသိပညာပေးလက်ကမ်းစာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်း စာစောင်းများ ဖြန့်ဝေ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲလင်းစိုး၊ မိခင်နှင့်ကလေး စောင့်‌ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တိုသည် COVID-19 အသိပညာပေး လက်ကမ်း စာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်စာစောင်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ အထိ ဖရူဆိုမြို့ မြို့မ‌​ဈေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှု ဘောလခဲမြို့၌ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီက နယ်စပ်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှားတောမြို့၌ အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီချို၊ အငယ်တန်းစာရေး ဒေါ်နဲမြာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သွားရောက်ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့နယ်၌ နယ်စပ်မှဝင်ရောက်လာသော ခရီးသွားများအား ကျန်းမာရေးစစ်ဆေး

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ကယား ပြည်နယ်၊ ရှားတောမြို့နယ် စျေးပိုင်းရပ်ကွက်(ကယားပိုင်း)တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်(လ.ဝ.က)နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ဘီဘီ-၉ (ထိုင်းနယ်စပ်)မှ ဝင်ရောက်လာသော ခရီးသည်များအား ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သံသယလူနာများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ သည်။

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းဖြင့် ကြိုတင်ကာကွယ်

မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့်ခြင်အန္တရာယ် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ် သည့်အနေဖြင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေသို‌လှောင်နေရာများတွင် Abate ဆေးများ ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မယ်စဲ့မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြီးကြပ် စစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ များဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအသီးသီးမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဘောလခဲခရိုင် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေတို့က ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်