မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။