ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၅၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့က ရပ်ကွက်နှင့် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။