ရွာငံမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ရန်နှိုးဆော်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံကို ရွာငံမြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့် အနန္တဇိနမျက်စိဆေးရုံမှ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ကော်မတီများ၊ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်း၍ အနန္တဇိနဘုရားကုန်းတော်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။