ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုများအား ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။