မော်ချီးဒေသရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် Volunteer များအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မော်ချီးဒေသတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ Volunteer များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီ အချိန်က မော်ချီးဒေသလိုခါးလိုကျေးရွာခန်းမဆောင်နှင့် မော်ချီးအောက်ရွာရှိ ကျေးလက်ဆေးပေးခန်းတို့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။