ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာနှစ် ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နေ့လည်၂နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။