မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ယမန်နေ့က မြောက်ပိုင်း ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။