ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ မြန်မာ့အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ့တို့၏ရိုးရာအစဉ်အလာနှင့်အညီ တန်ဆောင်ပွဲတော်တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ပွဲတော်များဖြင့် စည်ကားလျက်ရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖွင့်လှစ်၊ ရိုးရာအစဉ်အလာနှင့်အညီ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်အား ဆီမီး(၂၀၀၀၀)ဖြင့် ရေမျှောပူဇော်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

၂၀၂၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၌ နှစ်စဉ်မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လေ့ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယနေ့ညနေ ၅ နာရီက တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်ဖောင်အား ဆီမီး(၂၀၀၀၀)ဖြင့် ရေမျှောပူဇော်ပွဲဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံစိုက်ပျိုးရေရရှိရေးအတွက် မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံတပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရန် (၄) လက်မ PVC ပိုက် ပေ (၁၂၀) ရှိ တွင်းတိမ် သုံးတွင်း၊ မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းအား ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အဖွင့်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆောင်းရာသီအကြို ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် Hole in One Golf Association ၏ ဆောင်းရာသီအကြို ‌ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲက မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ Northern Star ဂေါက်ကလပ်၌ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ မြစ်ကမ်းပါး သဲသောင်ခုံပေါ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် အများပြည်သူ ဝင်ထွက်သွားရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော်နှင့် အခမ်းအနားများ အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ မသန်စွမ်းအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်အတွင်း ကျရောက်သော တန်ဆောင်တိုင်ပွဲတော်၊ ရိုးရာကောက်သစ်စားပွဲတော်၊ မိသားစုခရစ္စမတ်ပွဲတော်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ ထူးချွန်ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ မေခခန်းမ၌ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မြစ်ကြီးနားမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) ဖွင့်လှစ်

ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူး၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) (၁/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မန်ခိန်ရပ်ကွက်ရှိ မြစ်ကြီးနားမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါးနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ပိုးစာခြံသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ICT နည်းပညာဘာသာရပ်များကို သိရှိနားလည်စေရေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်