ပူတာအိုမြို့နယ် မူလာဒီကျေးရွာ၌ ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသောပြည်သူမိသားစုဝင် များနှင့်လူနေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေ များနှင့်အိမ်ဆောက်ပစ္စည်းဖိုးများပံ့ပိုးပေးအပ်

ပူတာအို ဇွန် ၂

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနက ဆင်မုန်ယို၍ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူမိသားစုဝင်များနှင့်လူနေအိမ်တစ် စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေများနှင့်အိမ်ဆောက်ပစ္စည်းဖိုးပံ့ပိုး ပေးအပ်ခြင်းကို ဇွန် (၁) ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပံ့ပိုးပေးအပ်သည်။

ထိုသို့ ပံ့ပိုးပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယွန်းမီမီထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသောပြည်သူမိသား စုဝင်များအား တစ်ဦးလျှင်ကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်းပံ့ပိုးငွေကျပ် (၁၂) သိန်း၊ လူနေအိမ်တစ်စိတ် တစ်ပိုင်း ပျက်စီးသွားသော နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင်ကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းပံ့ပိုးငွေ (၃၅၀၀၀၀) ကျပ် စုစုပေါင်းပံ့ပိုးငွေကျပ် (၁၅၅၀၀၀၀) သိန်းပံ့ပိုးပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မူလာဒီကျေးရွာအတွင်း ဧပြီလ (၁၆) ရက်နှင့် (၁၈) ရက်များတွင် ဆင်မုန်ယို၍ တိုက်ခိုက်မှု ကြောင့် အဆိုပါကျေးရွာနေပြည်သူ (၄) ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၇) အိမ် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်းကြောင့် ဌာနမှထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဖုန်ကန် (ပူတာအို)