မိုးညှင်း ဇွန် ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ (၃၁) ရက် နံနက် (၈)နာရီက စုပေါင်းရုံးအနီးကွင်းပြင်၌ ကျင်းပသည်။
အဆိုပါ စိုက်ပျိုးကြရာတွင် ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှကာကွယ်စေရန်၊ အပူချိန်လျှော့ချနိုင်စေရန်နှင့် လေကောင်း လေသန့်များရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေ အထက်ရှိသော အရိပ်ရနှစ်ရှည်အပင်များဖြစ်သည့် ကံ့ကော်(၂၃၀)၊ ခရေ(၂၃၀)၊ ပျဉ်းမ(၂၃၀)၊ ပိတောက်(၂၄၀)၊ ယင်းမာ(၁၀)၊ ကျွန်း(၁၀)၊ ပျဉ်းကတိုး(၁၀)၊ ယမနေ(၁၀)၊ မျောက်ငို(၁၀)၊ မဟော်ဂနီ(၁၀)နှင့် မန်ဂျန်ရှား(၁၀) စုစုပေါင်းပျိုးပင် (၁၀၀၀)တို့ကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဇော်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ မိုးညှင်းတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်ဒေါက်တာနိုင်နိုင်လတ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများက သတ်မှတ်နေရာများအသီးသီးတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း