မချမ်းဘော၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

မချမ်းဘော ဇွန်၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က “မူးယစ်ဆေးဝါးတို့ရှောင်ရှား” ခေါင်းစဥ် ဖြင့်အသိပညာပေးဟောပြောပြီးနောက် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲကျင်းပရာကို အခြေခံပညာအထက်တန်းကျောင်း Grade-8 ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့က ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို Grade-4 ကျောင်းသားကျောင်းသူ ၁၀ ဦးတို့က လည်းကောင်း အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီးနောက် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာဆရာမက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသူကျောင်းသားများက ခင်းကျင်ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြပွဲတို့ကိုကျင်းပရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)