ဗန်းမော်မြို့ အ.ထ.က - ၃ တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဗန်းမော် ဇူလိုင်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် နာရီခွဲခန့်က အ.ထ.က(၃) မြဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဘန်အားဘူက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး" ခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များအနေဖြင့် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေမည့် စာကောင်းပေမွန်များကို အားလပ်ချိန်များတွင် စာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုရန်လိုကြောင်းနှင့် လူငယ်လူရွယ်များ၏ အဓိကရန်သူများဖြစ်သည့် မူးယစ်ဆေးဝါးကို မသုံးစွဲဘဲ ဝေးဝေးကရှောင်ကျဉ် ကြရန်လိုကြောင်း လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့် ကလေးစစ်သား အသုံးမပြုရေး အသိပညာပေးနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)