ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရင်းစစ်ရုံး အဆောက်အအုံသစ်ဖွင့်လှစ်၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းမှု လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သောက်ရေသန့်စက်ရုံသစ်အား ဖွင့်လှစ်ပေး
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ် (၃) ထပ်အဆောက်အအုံသစ် ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။