ပူတာအို ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ဦးစီးဌာနအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို သိရှိနားလည်၍ ထိရောက်မှန်ကန်မြန်ဆန်စွာ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဒုတိယအကြိမ် ဖွင့်လှစ်သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းသား/သင်တန်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ခရိုင်ရုံးအပါအဝင် မြို့နယ်ရုံးများမှ ဝန်ထမ်းသင်တန်းသား/သင်တန်းသူစုစုပေါင်း (၁၅)ဦးတို့အား ဖေဖော်ဝါရီ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ သင်တန်းကာလသုံးရက်ကြာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့် မချမ်းဘောမြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်တို့က ရုံးလုပ်ငန်းသဘောတရားနှင့် ရုံးစာရေးသားနည်း(၉)မျိုးတို့ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်(ပြန်/ဆက်)