ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း ဖူလုံစွာ တင်သွင်းနိုင်ရေး တင်သွင်းနိုင်မည့် ပမာဏများ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ဆီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် အမှန်တကယ် တင်သွင်းနိုင်မည့် စက်သုံးဆီပမာဏ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ၊ ဆီဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်များ ဖြစ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဘုရားကျောင်းကန်များ၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် မုတ်လွဲကျေးရွာတို့မှ အုပ်ချုပ်ရေးမှူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့၌ ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း တက်ရောက်ခွင့်ရခဲ့ကြသည့် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို သြဂုတ် ၁ ရက် နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်စေရေး လုပ်ငန်းများတွင် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းစီမံကိန်းများ စနစ်တကျ အောင်မြင်စွာ လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၌ မိုးစပါးစတင်စိုက် ပျိုးနေမှုအခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲတက်ရောက်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်‌ရေကြီးမြင့်မှုကြောင့် မြစ်ကမ်းပါး ပြင်ဆင်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ရေထိန်းတံခါး၊ ကမ်းထိန်းနံရံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၌ ပြီးခဲ့သည့် ဇွန်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးဖြစ်စဉ်ကြောင့် ထိခိုက်ပျက်ဆီးမှုများ ကနဦးစစ်တမ်းကောက်ယူခြင်းနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်