တပ်ကုန်းမြို့နယ်၌ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်

တပ်ကုန်း မတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်းရှိ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ အစားထိုးပြန်လည်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်တို့က ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ ထွန်းလင်းပိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်အတွင်းမှ ဆုံးရှုံးခဲ့သည့် နွားပိုင်ရှင် ၃၄ ဦးအတွက် အထီး/အမ နွားကောင်ရေစုစုပေါင်း ၈၂ ကောင်အား ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်