မိုးညှင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများဆိုင်ရာ အသိပညာပေးဟောပြော

မိုးညှင်း မတ် ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် နည်းဥပဒေများဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဒေါ်ငြိမ်းလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းရန် ကာလများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်ဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ယာယီရွှေ့ဆိုင်းခွင့်ဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများစသည်တို့ကို အကျယ်တဝင့်အသိပညာပေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ သိရှိလိုသည်များအား မေးမြန်းကြရာတွင် ခရိုင်ဥပဒေအရာရှိက လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မိုးညှင်းသား